Wednesday, January 18, 2012

မီးတောက်ရစ်သံ

လှပအေးစက်တဲ့ညတစ်ညမှာ
ငါပျိုးခဲ့တဲ့မြနှင်းဆီက
ကြယ်တာယာခြံရံပြီး
ကြွေကျသွားခဲ့တယ်.....။
တိမ်လွှာမျဉ်းကောက်တွေကလဲ
ချစ်သူတစ်ယောက်ရဲ့မီးအိပ်မက်မှာ
ရွှေမျက်ရည်တွေစို့တက်လာပြီလို့
မှိုင်းညို့နေတဲ့ကောင်းကင်ကြီးကို
တီးတိုးပြောဆိုလိုက်တယ်.....။
အချစ်ဟာ...နောက်ဆုံးမှာ
မှော်ဆရာတစ်ယောက်ရဲ့နိဂုံးလို
မီးခိုးလုံးများအဖြစ်
ပြောက်ကွယ်သွားမလားလို့
ငါစဉ်းစားခဲ့ဖူးတယ်..........။

ဒသဂီရိ

နေမ၀င်အင်ပါယာအချစ်တွေနဲ့
ဒသဂီရိကသူ့ရဲ့အချစ်တွေကို
ကြေငြာခဲ့တယ်နော်.....။
လေးတင်ပွဲမှာရှုံးခဲ့ရတာကလဲ
ရာမတော်လို့မဟုတ်ပါဘူး
မယ်သီတာရဲ့အကြည့်တစ်ချက်ကြောင့်
ရှုံးခဲ့ရပြီးဘီလူးသမိုင်းကိုတွင်စေခဲ့တာပါ.....။
အချစ်ကြီးလို့အမြတ်ကြီးခဲ့တာမဟုတ်ပါဘူး
ရာမကြောင့်အမျက်ကြီးခဲ့ရတာပါ
စစ်ဘုရင်ဒသဟာ
အချစ်သဘင်တစ်ခဏမှာ
အပြစ်တင်လေသံတွေကြောင့်
ဒသဂီရိဘီလူးရယ်လို့
ကဗည်းတွင်ရစ်စေခဲ့တာပေါ့....။